About Us

ဒါရိုက်တာအဖွဲ့ (Board of Directors)

ဒါရိုက်တာအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည်။

(က)ဦးမြင့်သက်နိုင်
(ခ) ဒေါ်စန်းစန်းဝင်း
အဓိကလုပ်ငန်းများ (Main Tasks)

(1) IT Solutions for government and private sectors
(2) Construction
- Government Building
- Recidential
- Road & Bridges
(3) Eathwork


မျှော်မှန်းချက် ( Vision )

ICT လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ အရည်အသွေးထိန်းသိမ်းပြီး တာဝန်ယူနိုင်သော အဖွဲ့အစည်းတစ်ရပ်အဖြစ် အစဉ်ရပ်တည် နိုင်ရေးအတွက် ကြိုးစားနေမည်။

အခြေခံသဘောထား (Philosophy)

- လုပ်ငန်းအပ်နှံသော ပုဂ္ဂိုလ်/အဖွဲ့အစည်းများ၏ လိုအပ်ချက်များကို အစွမ်းကုန်ဖြည့်ဆည်းပေးရန်။
- အဆင့်တိုင်းတွင် အလုံးစုံအရည်အသွေး ထိန်းသိမ်းခြင်း (Total Quality Control) စနစ်ကို ကျင့်သုံးမည်။
- လုပ်ရည်ကိုင်ရည်ပြည့်ဝ သောအဖွဲ့သားများ၏ စွမ်းဆောင်ရည်ကို ယုံကြည်သည့်သူတို့၏ အကြံဉာဏ်များကို ကြိုဆိုမည်။ သူတို့သည် အဖွဲ့အစည်း၏ ထူးခြားသော အောင်မြင်မှု အတွက် စွမ်းဆောင်ပေးနိုင်သည်ဟု ယုံကြည်သည်။
- တွဲဖက်လုပ်ကိုင်သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ (Stake Holders ) များအပေါ် မှန်ကန်သော သဘောထားရှိပြီး မျှတစွာဆက်ဆံမည်။ လုပ်ဖော်ကိုင်ဖက်များဟု သဘောထားမည်။
- နိုင်ငံတော်အဖွဲ့အစည်းများ၏ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျည်း၊ စည်းကမ်း နှင့် လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက် သွားမည်။
အတိုင်ပင်ခံအဖွဲ့ (Consultant Group)

ကုမ္ပဏီ၏ လုပ်ငန်းများကို မျှော်မှန်းချက် (Vision) အတိုင်း ရေရှည်အကောင်အထည်ဖော်သွားနိုင်ရေး အတွက်လည်းကောင်း၊ နေ့စဉ်ပေါ်ထွန်းနေသော အ ပြောင်းအလဲ (Change) များနှင့်စပ်လျဉ်းပြီး မျက်ခြေမပြတ် စောင့်ကြည့်နိုင်ရေအတွက် လည်းကောင်း၊ ဆောက်လုပ်ရေး ၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဏာရေးပိုင်းတွင် အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များပါဝင်သည့် အတိုင်ပင်ခံအဖွဲ့ (Consualtant Group) ကိုဖွဲ့စည်းထားပါသည်။

ICT နှင့်ဆောက်လုပ်ရေးဆိုင်ရာ အင်ဂျင်နီယာလုပ်ငန်းများ (Engineering Projects)

ကုမ္ပဏီလုပ်ငန်းများကို စနစ်တကျဖြစ်စေ ရေး အတွက် ဌာနဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းတွင် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သော ၀ါရင့်အင်ဂျင်နီယာကြီးများကိုတိုင် ကြီးကြပ်လျက်ရှိပါသည်။

စီမံခန့်ခွဲမှု (Management)

လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများသာမက စီမံခန့်ခွဲမှုစွမ်းရည် သည်လည်း မရှိမဖြစ်လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ စီမံခန့်ခွဲရေးပိုင်းတွင် ကာလကြာမြင့်စွာ အတွေ့အကြုံရှိခဲ့သော လူများကိုတာဝန်ပေးအပ်ခြင်းပြုပါသည်။ လိုအပ်ပါက စီမံခန့်ခွဲရေးနှင့်ပတ်သက်သော ပြင်ပအဖွဲ့အစည်းများနှင့် ဆက်လက်၍ အကြံဉာဏ်များရယူ ဆောင်ရွက်ပါသည်။

ဘဏ္ဏာရေး( Finance )

ကုမ္ပဏီ၏ ငွေကြေးဆိုင်ရာ ကိစ္စများကို စနစ်တကျရှိစေရေးအတွက် အတွေ့အကြုံရှိသော ငွေစာရင်းကျွမ်းသူများကို ခန့်အပ်တာဝန်ပေးထားပါသည်။ ထို့အပြင် ပြင်ပအစိုးရအသိအမှတ်ပြု စာရင်းကိုင်အဖွဲ့ တစ်ဖွဲ့နှင့် ဆက်သွယ်ထားရှိကာ ငွေစာရင်းများထိန်းသိမ်းမှု၊ ထားရှိမှုစနစ်ရှိစေရေး အလေးပေးဆောင်ရွက် ထားရှိပါသည်။

ဈေးကွက်သုတေသန (Market Research )

အဖွဲ့အစည်း၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံများ၏ ဘောင်အတွင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သော လုပ်ငန်းများကို စနစ်တကျ သတ်မှတ် ၍ အချက်အလက်စုဆောင်းပေးခြင်း သုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။ ဆောက်လုပ်ရေးနှင့်ပတ်သတ်၍ အခြားအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို အစဉ်လေ့လာ၍ သင်ယူသင့်သည်များကို သင်ယူလျက်ရှိပါသည်။

အဖွဲ့ငယ်များဖွဲ့စည်းဆောင်ရွက်ခြင်း (Individual Project Teams )

လုပ်ငန်းဆောင်ရွက်ရာတွင် ထိရောက်မှုနှင့် မြန်ဆန်သွက်လက်စွာဆောင်ရွက်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပုဂ္ဂိုလ်များဖြင့် အဖွဲ့ငယ်များ ဖွဲ့စည်းဆောင်ရွက်ပါသည်။